တောင်ကိုရီးယားနိုင်ငံက ဆရာဆရာမတွေက သူတို့ရဲ့ အခွင့်အရေးတွေကို ပိုမိုကောင်းကောင်း အကာအကွယ်ပေးဖို့ စက်တင်ဘာ ၄ ရက်မှာ အစိုးရကို ချီတက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဗိုလ်ကျလွန်းတဲ့ ကျောင်းသားမိဘတချို့ကြောင့် လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမတချို့ကို အသက်စွန့်ခဲ့ရတဲ့ ကျယ်ကျယ်ပြန့်ပြန့် နှောင့်ယှက်မှုတွေကို မီးမောင်းထိုးပြ ခဲ့ကြပါတယ်။
မူလတန်းကျောင်းဆရာမ အန်းက “ပညာရေးနယ်ပယ်မှာ ဘာမှမပြောင်းလဲတာကြောင့် ဆရာ အယောက် ငါးသောင်းလောက် စုရုံးလာခဲ့တာ” လို့ ပြောပါတယ်။
အစောပိုင်းက ဆိုးလ်မြို့မှာရှိတဲ့ မူလတန်းကျောင် တကျောင်းမှာ ကွယ်လွန်သူ ဆရာတစ်ဦးအတွက် ကျောင်းသားငယ်တွေနဲ့ မိဘတွေက ပန်းတွေချထားပြီး ဝမ်းနည်းပူဆွေးကြောင်း အမှတ်တရ သတင်းစကားတွေ ချရေးဖို့ အမှတ်တရ စားပွဲ ခင်းကျင်းထားတာကို နေ့ခင်းအစောပိုင်းက တွေ့ခဲ့ရပါတယ်။
ဇူလိုင်လထဲမှာ ကျောင်းသားအချင်းချင်း အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မိဘတယောက်က တိုင်ကြားမှုတွေအပေါ် စိုးရိမ်သောက ဖြစ်ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် ကျောင်းမှာ ဆရာမ သေဆုံးနေတာကို တွေ့ခဲ့တာပါ။
မိဘတွေနဲ့ ကျောင်းသားတွေက ဆရာတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီးလည်း အစိုးရကျောင်းဆရာတွေရဲ့ မကျေနပ်ချက်တွေဟာ သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ကျောင်းဆရာတွေက ကျောင်းသားတွေကို ဆုံးမပဲ့ပြင်တဲ့အပေါ် ကလေးတွေကို နှိပ်စက်တယ်ဆိုပြီး စွပ်စွဲခံနေရတာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters