အိမ်ကိုပြန်ရတဲ့ခံစားချက်က အမြဲတမ်းပျော်ရွှင်စရာဖြစ်ကြောင်း ဆီဗီလာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ရာမို့စ်က ပြောပါတယ်။
စပိန်နောက်ခံလူဟာ မနှစ်က ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ မွေးရပ်မြေကလပ် ဆီဗီလာဆီ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ကို ဆော်ဒီကလပ်တွေကလည်း ကမ်းလှမ်းခဲ့ကြပေမဲ့ အသင်းဟောင်းဆီဗီလာဆီ ပြန်ဖို့ပဲ ရာမို့စ်ကရွေးချယ်ခဲ့တာပါ။
“အိမ်ကိုပြန်ရတဲ့ခံစားချက်က အမြဲတမ်းပျော်ရွှင်စရာအတိဖြစ်ပြီး အလွန်ထူးခြားကောင်းမွန်တဲ့ နေ့လေးတနေ့လည်းဖြစ်တယ်။ အသင်းဆီပြန်သွားရတဲ့အပေါ် ပျော်ရွှင်မိပါတယ်။ အရေးကြီးဆုံးကတော့ တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ အသင်းကိုကူညီနိုင်ဖို့ဖြစ်ပါတယ်။”
သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆီဗီလာ အကယ်ဒမီမှာတက်ရောက်သင်ကြားခဲ့ပြီး ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၅၀ လောက် ကစားခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်က ရီးရဲလ် မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Photo-Reuters