ဆော်ဒီကလပ် အယ်လ်တီဟတ်အသင်းဟာ ဆာလာအတွက် ပေါင်သန်း ၂၀၀ အထိ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းသွားဖို့ ကြိုးပမ်းနေပါတယ်။
ဆော်ဒီကလပ်က တာဝန်ရှိသူတွေဟာ စနေနေ့ကတည်းက လန်ဒန်ကိုရောက်ရှိနေပြီး ဆာလာရဲ့အပြောင်းအရွှေ့ကို အနီးကပ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဆာလာအတွက် ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းချက်ကိုတော့ လီဗာပူးအသင်းက ပယ်ချခဲ့ တာကြောင့် နောက်ထပ်ပေါင်သန်း ၅၀ အထိတိုးမြှင့်ကမ်းလှမ်းသွားဖို့ရှိနေတာပါ။
နည်းပြ ယာဂန်ကလော့ပ်ဘက်ကတော့ ဆာလာဟာ အသင်းကနေ ထွက်ခွါမှာမဟုတ်သလို အသင်းဘက်ကလည်း ရောင်းချဖို့မရှိကြောင်းဖြေရှင်းထားပါတယ်။
ဆော်ဒီပရိုလိဂ် အပြောင်းအရွှေ့ကာလက လာမယ့် ကြာသပတေးနေ့မှ ပိတ်သိမ်းမှာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ဖြစ်မြောက်အောင်ကြိုးပမ်းဖို့ ရှိတယ်လို့ သိရပါတယ်။
Photo-Reuters