ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်နေလို့ ဒေါသထွက်နေတဲ့ ဒေသခံ တွေဟာ စက်တင်ဘာ ၁ ရက်က လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာတွေကို မီးရှို့ရင်း ဒေသတွင်း ဓာတ်အားပေးကုမ္ပဏီကို ဒေါသတကြီး ဆန္ဒပြခဲ့ကြပါတယ်။
မကြာသေးမီလတွေအတွင်း နှစ်ဆကျော်မြင့်တက်ခဲ့တဲ့ ငွေတောင်းခံလွှာ တချို့ကြောင့် ပါကစ္စတန် တဝန်း နေ့စဉ် ဆန္ဒပြပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဈေးဆိုင်တွေနဲ့ စျေးတွေကို ပိတ်ထားခဲ့ ရပါတယ်။
K-Electric (KE) ဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ ကရာချိအတွက် တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
Source/Photo-Reuters