Home
မြန်မာသတင်း
ပုလဲမြို့နယ်က အမျိုးသမီးရဲဘော်များကို NUG က ကျပ် ၅ သောင်းစီ ထောက်ပံ့
DVB
·
September 3, 2023
370292411_3585058651821581_5435801870159247661_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းတွေက အမျိုးသမီးရဲဘော်အယောက် ၃၀ အတွက် ကျပ် ၁၅ သိန်းကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ကူညီ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ရန်ပုံငွေနဲ့ ထောက်ပံ့တာဖြစ်ပြီး တပ်ရင်း ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၉ နဲ့ ၂၀ တို့က အမျိူးသမီး ရဲဘော် တယောက်ကို ကျပ် ၅ သောင်းနှုန်းနဲ့ ထောက်ပံ့ခဲ့တာပါ။

ပုလဲ ပအဖ ခေါင်းဆောင် ကိုဇော်ထက်က "အခုဟာက ပထမဆုံးအကြိမ် ထောက်ပံ့ဖြစ်တာပါ။ NUG၊  အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက ရန်ပုံငွေနဲ့ပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ပုလဲမြို့နယ် တာဝန်ခံ မအိသူသူမောင်က တပ်ရင်း ၇ က ရဲဘော် ၃ ယောက်၊ တပ်ရင်း ၈ က ရဲဘော် ၃ ယောက်၊ တပ်ရင်း ၉ က ရဲဘော် ၄ ယောက်၊ တပ်ရင်း ၁၀ က ရဲဘော် ၂ ယောက်၊ တပ်ရင်း ၁၁ က ရဲဘော် ၆ ယောက်၊ တပ်ရင်း ၁၂ က ရဲဘော် ၄ ယောက်၊ တပ်ရင်း ၁၃ က ရဲဘော် ၂ ယောက်၊ တပ်ရင်း ၁၉ က ရဲဘော် ၃ ယောက်နဲ့ တပ်ရင်း ၂၀ က ရဲဘော် ၃ ယောက်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ ကူညီထောက်ပံ့မှုကို ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ်၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ တာဝန်ခံတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024