မန်ယူနိုက်တက်ကစားသမားသစ် အမ်မရာဘတ်ရဲ့ ကွင်းတွင်းစည်းကမ်းပိုင်းဆိုင်ရာကို ကစားသမားဟောင်း ဖာဒီနန်က စိုးရိမ်နေပါတယ်။
မော်ရိုကိုကွင်းလယ်လူဟာ စီးရီးအေကလပ် ဖီအိုရင်တီးနားကနေ မန်ယူအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။
သူဟာ မနှစ်ကရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းမှာ ကစားရင်း အဝါကတ် စုစုပေါင်း ၁၆ ကြိမ်အထိ ပြသခံခဲ့ရတာပါ။
အမ်မရာဘက်အနေနဲ့ ပရီးမီးယားလိဂ်မှာ လျင်မြန်စွာ အသားကျဖို့ လိုအပ်ပြီး အဲဒီလိုသာ လုပ်ဆောင်နိုင်မယ်ဆိုရင် မန်ယူအသင်းမှာ အဆင်ပြေနိုင်ကြောင်း ဖာဒီနန်က ပြောပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ဟာ အီတလီစီးရီးအေထက်ပိုပြီး လျှင်မြန်တာကြောင့် အသားကျဖို့ မလွယ်ကူတာကို ကတ်စမီရိုက သက်သေဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာတွေကိုလည်း ဂရုပြုဖို့ လိုအပ်ကြောင်း ဖာဒီနန်က ပြောပါတယ်။
အသက် ၂၇ နှစ်ရှိ အမ်မရာဘတ်ဟာ ဟော်လန်ကလပ် အူထရတ်အသင်းမှာ ကစားစဉ်က နည်းပြ တန်ဟတ်နဲ့ အတူ လက်တွဲ ခဲ့ဖူးပါတယ်။
Photo-Reuters