စူပါတိုင်ဖွန်းမုန်တိုင်း ဆေအိုးလာဟာ ဟောင်ကောင်ကို ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၂ ရက်က လေပြင်းတွေ တိုက်ခတ်မှုကြောင့် မြို့တွင်း ပျက်စီးခြင်းနဲ့ ရေကြီးခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အထူးသဖြင့် ကျွန်းရဲ့အစွန်အဖျားပိုင်းရှိ လမ်းတွေပေါ်မှာ သစ်ပင်တွေ အများအပြား ပြိုလဲ နေပါတယ်။
တိုင်ဖွန်း ဆေအိုးလာဟာ ဟောင်ကောင်ကို ဖြတ်ကျော်ကာ လေပြင်းတွေ တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်မှာာ အပျက်အစီးတွေ ဖြစ်ထားတဲ့လမ်းကြောင်း ပေါ်လာခဲ့ပါတယ်။
ဟောင်ကောင်မှာ စက်တင်ဘာ ၁ ရက် ညပိုင်းက အမြင့်ဆုံး ဟာရီကိန်းမုန်တိုင်း အချက်ပြမှု အဆင့် ၁၀ ကနေ စနေနေ့ မနက်မှာတော့ အဆင့် ၈ အထိ လျှော့ချခဲ့ပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ဟောင်ကောင်ကို ထိခိုက်နေဆဲ ဖြစ်တာကြောင့် အဲဒီ သတိပေးချက်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ ဆက်လက်ထားရှိမှာဖြစ်ကြောင်း မြို့တော်စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters