Home
မြန်မာသတင်း
အမြန်လမ်းတွင် ကား ၁ စီး လမ်းလယ်ကျွန်းသစ်ပင်ဝင်တိုက်ပြီး ယာဉ်မောင်းသေဆုံး
DVB
·
September 2, 2023
373700615_243354222027875_6079991587106668641_n

စက်တင်ဘာ ၂ ရက်နေ့ မနက် ၈ နာရီခွဲက ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၃/၄ နဲ့ ၁၁၃/၅ ကြားလမ်းကွေ့မှာ TOYOTA CROWN ယာဉ် ၁ စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်က ခရေပင်နဲ့ ထန်းပင်တို့ကို ဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်းရတာကြောင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာမှာ ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ယောက်ထဲက ယာဉ်မောင် အမျိုးသားသေဆုံးခဲ့ပြီး ကျန်တဲ့ အမျိုးသား ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရတာကြောင့် သူတို့ကို ၁၁၅ မိုင် ကြက်ခြေနီအသင်းကယာဉ်နဲ့ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024