မန်ယူနိုက်တက်လို ခမ်းနားကြီးကျယ်တဲ့အသင်းရဲ့ ကမ်းလှမ်းချက်ကို မငြင်းဆန်နိုင်ကြောင်း နောက်ခံလူသစ် ရက်ဂီလွန်က ပြောသွားပါတယ်။
အသက် ၂၆ နှစ်ရှိ စပိန်နောက်ခံလူဟာ စပါးအသင်းကနေ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ကစားသမားဘဝမှာ အရာအားလုံးအတွက်အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားရမှာဖြစ်ပြီး သမိုင်းကြောင်းအစဉ်အလာရှိတဲ့ ကြီးကျယ်ခမ်း နားလှတဲ့အသင်းကို ကိုယ်စားပြုကစားနိုင်မယ့် အခွင့်ရေးကို ငြင်းပယ်နိုင်စွမ်းမရှိခဲ့ကြောင်း ရက်ဂီလွန်က ပြောပါတယ်။
ရက်ဂီလွန်က “အသင်းနည်းပြနဲ့ စကားပြောပြီးချိန်မှာ ကျနော့်ဆီကနေ သူဘာလိုအပ်သလဲဆိုတာ သိပါတယ်။ ယူနိုက်တက်အသင်းကိုအောင်မြင်မှုတွေရဖို့အတွက် အစိတ်အပိုင်းတစ်ခုအနေနဲ့ ကူညီ ပေးသွားဖို့အဆင်သင့်ပါပဲ”လို့ ပြောပါတယ်။
ရက်ဂီလွန်ဟာ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့အတွေ့အကြုံရှိပြီး ထိပ်တန်းအဆင့် ပွဲစဉ်တွေကို ကစားနိုင်တဲ့သူဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။
Photo-Reuters