မန်ယူအသင်းဟာ စပါးအသင်းရဲ့ နောက်ခံလူ ရက်ဂီလွန်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမူရယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဘယ်နောက်ခံလူ မက်ကူကူရယ်လာကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် စပါး အသင်းက စပိန်ဘယ်နောက်ခံလူ ရက်ဂီလွန်ကိုခေါ်ယူဖို့ မန်ယူအသင်းက ဆုံးဖြတ်ခဲ့တာပါ။
မန်ယူအသင်းဟာ ရက်ဂီလွန်နဲ့ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားပြီး မကြာခင်မှာတရားဝင်သတင်း ထုတ်ပြန်ဖို့ရှိပါတယ်။
မန်ယူအသင်းဟာ နောက်ခံလူ လုခ်ရှောက ဒဏ်ရာကြောင့် ၁၀ ပတ်လောက် အနားယူရမှာဖြစ် တာကြောင့် ရက်ဂီလွန်ကို အမြန်ဆုံးခေါ်ယူအားဖြည့်ခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ ဘယ်နောက်ခံလူ ဆာဂျီယိုရက်ဂီလွန်ဟာ ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ စပါးအသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။
အဲဒီမတိုင်ခင် ဆီဗီလာလည်း တစ်ရာသီကြာကစားခဲ့ပြီး မနှစ်ကလည်း အက်သလက်တီကိုမှာ အငှားထွက်ကစားခဲ့ပါသေးတယ်။ သူဟာ စပါးနဲ့ ၆၇ ပွဲကစားခဲ့ပြီး ၂ ဂိုးသွင်းယူခဲ့ပါတယ်။
Photo-Reuters