ဆော်ဒီအသင်းကို အာရှဖလားချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်လို့ နည်းပြသစ် မန်ချီနီ ကပြောသွားပါတယ်။
အီတလီလက်ရွေးစင်နည်းပြဟောင်းဟာ ဆော်ဒီအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ကန်ဒေါ်လာ ၂၇သန်း အထိရရှိသွားမှာပါ။
ဆော်ဒီနည်းပြချုပ်အဖြစ် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားမှာတော့ ဆော်ဒီအသင်းကို နှစ်ပေါင်း ၂၇ နှစ်အတွင်းပထမဆုံးကြိမ် အာရှချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျအသင်းတွေလို ထိပ်တန်းအသင်းတွေရှိပေမဲ့ ချန်ပီယံဖြစ်ဖို့ဆိုတဲ့ ရည်မှန်ချက်နဲ့ ရှေ့ဆက်သွားမှာဖြစ်ကြောင်း မန်ချီနီကပြောပါတယ်။
ဆော်ဒီလိဂ်ဆီကို ဥရောပက ထိပ်တန်း ကစားသမားတွေပြောင်းရွှေ့လာတာက ဆော်ဒီကစားသမားတွေအတွက် ခြေစွမ်းပိုမိုကောင်းမွန် စေမှာဖြစ်ပြီးလက်ရွေးစင်အတွက် အကျိုးရှိကြောင်းလည်း မန်ချီနီကပြောသွားပါတယ်။
ဆော်ဒီနိုင်ငံဟာ ၂၀၂၇ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။
Photo-Reuters