မန်ယူအသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် ချဲလ်ဆီးက ကူကူရယ်လာနဲ့ စပါးအသင်းက ရက်ဂီလွန်တို့ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဘယ်နောက်ခံလူတွေဖြစ်တဲ့ မလာစီယာက ပြန်လည်ကစားနိုင်ခြင်းမရှိသေးသလို လုခ်ရှောကလည်း ဒဏ်ရာ ရက်သတ္တပတ် အနည်းငယ် အနားယူရမှာဖြစ်လို့ အပြောင်းအရွှေ့မပိတ်ခင်မှာ ဘယ်နောက်ခံလူတစ်ဦးခေါ်ယူဖို့ မန်ယူအသင်းကအရေးပေါ်ပြင်ဆင် လာခဲ့တာပါ။
ချဲလ်ဆီးအသင်းမှာပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကူကူရယ်လာဟာ မန်ယူအသင်းရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းဆီ စုံစမ်းမေးမြန်းနေတယ်လို့ တယ်လီဂရပ်ဖ်သတင်း ကဖော်ပြပါတယ်။
ယူနိုက်တက်ဟာ ကူကူရယ်လာနဲ့ အဆင်မပြေခဲ့ဘူးဆိုရင် စပါးအသင်းက စပိန် ဘယ်နောက်ခံလူ ရက်ဂီလွန်ကိုခေါ်ယူဖို့ လျာထားပြီး နောက်ဆုံးပစ်မှတ်အနေနဲ့ ဘာစီလိုနာ နောက်ခံလူ အလွန်ဆိုဟာလည်း လျာထားစာရင်းမှာပါဝင်နေတယ်လို့ သိရပါတယ်။
photo-Reuters