မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေအပေါ် အားရကျေနပ်မှုမရှိသေးကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြတန်ဟတ်ဂ်လက်ထက်မှာ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့ပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်က တိုးတက်မှုနည်းပါးနေသေးတာဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်က“ကျနော်တို့အသင်းကို ကြည့်မယ်ဆိုရင် ဖြစ်ချင်တဲ့အခြေအနေကို မရောက်သေးပါဘူး။ လုပ်ဆောင်ရမယ့် ကိစ္စတွေရှိနေသေးပြီး ရှိနေတဲ့ကစားသမားတွေအပေါ်မှာပဲ အာရုံစိုက်ရပါမယ်။ အသင်းရဲခြေစွမ်း၊ လူစာရင်းပိုင်းတွေမှာ တိုးတက်လာဖို့လိုပါတယ်”လို့ ပြော ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်နှစ်ပွဲမှာ တစ်ပွဲနိုင် ၊ တစ်ပွဲရှုံးရလဒ် ရရှိထား တာဖြစ်ပါတယ်။