အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ် လာဟိုင်နာမြို့မှာ တောမီးလောင်အပြီး အလောင်းတွေကို အပြင်းအထန် ရှာနေတယ်လို့ မာဝီကျွန်းက ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန် ပဲလက်တီယာက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
စေ့စေ့စပ်စပ် ရှာနေပေမဲ့ ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့အပြီး ပြာတွေထက်ပိုပြီး ဆယ်လို့ မဖြစ်နိုင်ဘူးလို့ ပဲလက်တီယာက ဆိုပါတယ်။
လူ ၁,၀၀၀ ကနေ ၁,၁၀၀ ကြား ပျောက်နေတယ်လို့ FBI အထူးအေးဂျင့် တာဝန်ခံ စတီဗန် မာရေးလ်က ပြောပါတယ်။
အပျက်အစီးတွေထဲမှာ တွေ့ရတဲ့ ရုပ်ကြွင်းတွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းရာမှာ ကူညီရေးအတွက် ပျောက်ဆုံးနေသူတွေရဲ့ ဆွေမျိုးတွေက DNA မျိုးဗီဇ နမူနာတွေ ပံ့ပိုးပေးဖို့ အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။
သြဂုတ် ၈ ရက် ညက စတင်လောင်ကျွမ်းတဲ့ တောမီးဟာ လာဟိုင်နာမြို့နားမှာ နေရာအနှံ့ မီးလောင်ပျက်စီးခဲ့ပါတယ်။
မာဝီကျွန်းရဲ့ အနောက်မြောက်ဘက်က လူပေါင်း ၁၃,၀၀၀ လောက်နေတဲ့ တချိန်က ဝေလငါးဖမ်းစင်တာနဲ့ ဟာဝေယံတိုင်းပြည်ရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ မာဝီကျွန်းဟာ ခုတော့ တနှစ်ကို ကမ္ဘာလှည့်ခရီးသည် ၂ သန်းလောက်ကို ဆွဲဆောင်ထားပါတယ်။
Source - Reuters