မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် နိစ်အသင်းနောက်ခံလူ တိုဒီဘိုကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်လာပါတယ်။
ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၂၃ နှစ်ရှိ ရွန်းကလဲတိုဒီဘိုကို မန်ယူအသင်းက ဆွေးနွေးခဲ့ပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ် ခေါ်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းကနေ ရောင်းထုတ်ဖို့ မရေမရာ ဖြစ်လာသည့်တိုင် တိုဒီဘိုကို မဖြစ်မနေ ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။
မက်ဂွဲယားဟာ ဝက်စ်ဟမ်းအသင်းဆီ ပေါင်သန်း ၃၀ လောက်နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပြီးမှ နောက်ပိုင်းမှာ ပျက်ပြယ်သွားခဲ့ရတာပါ။
အရပ် ၆ ပေ ၃ လက်မရှိ ဗဟိုခံစစ်မှူး တိုဒီဘိုဟာ တူးလုစ်အသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီး ဘာစီလိုနာကနေ နိစ်ဆီ အငှားလာကစားရင်း ၂၀၂၁ ခုနှစ်မှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့မေလတုန်းက ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါသေးတယ်။