ပီရူးနိုင်ငံရှိ ယူဘီနာစ်မီးတောင်ဟာ သြဂုတ် ၂၁ ရက်က ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး အနီးနားက မြို့တွေကို ပြာတွေ ဖုံးလွှမ်းသွားပါတယ်။
မီးတောင်ဟာ တလနီးပါးကြာလောက် လှုပ်ရှားမှု မရှိခဲ့ပြီးနောက် မီးတောင်ပြာတွေ ပေါက်ကွဲထွက်ခဲ့လို့ အာဏာပိုင်တွေက လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
“ယူဘီနာစ် မီးတောင်ပေါက်ကွဲမှုဟာ မနက် ၁၀ နာရီ ၄၀ ဝန်းကျင်မှာ တကြိမ်ဖြစ်ခဲ့ပြီးတော့ အမှောင်ကျသွားပြီး ပြာတွေကိုလည်း မှုတ်ထုတ်ပစ်လိုက်တာကြောင့် နည်းနည်းပါးပါးတော့ ထိခိုက်မိကြတယ်” လို့ ဆန်ဟွမ်း ဒယ် တာရူကာနီ မြို့တော်ဝန် ဖလောရော် ချိုကေးက ပြောပါတယ်။
ပီရူးနိုင်ငံရဲ့ အတက်ကြွဆုံး မီးတောင်ဖြစ်တဲ့ ယူဘီနာစ်မီးတောင်ဟာ အမြင့် ၃,၅၀၀ မီတာအထိ မြင့်တက်လာတဲ့ ပြာတွေနဲ့ မီးခိုးတွေကို လွှင့်ထုတ်ခဲ့ကြောင်း ဘူမိဗေဒ သတ္တုတူးဖော်ရေးနဲ့ သတ္တုဗေဒ အင်စတီကျုရဲ့ မီးတောင်စူးစမ်းလေ့လာရေး (INGEMMET) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လအစောပိုင်းမှာ ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ကာ ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
Source - Reuters