တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ကာနက်ခ်ခဲလ်ဒေသမှာ တောမီးလောင်လို့ အေဂျီယံပင်လယ်ကနေ မာမာရာပင်လယ်ဆီ သင်္ဘောခုတ်မောင်းတဲ့ လမ်းကြောင်းကို ရပ်ဆိုင်းထားတယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ သင်္ဘောအေဂျင်စီတို့က သြဂုတ် ၂၂ ရက်မှာ ပြောခဲ့ပါတယ်။
အေဂျီယံပင်လယ်ကို ပင်လယ်နက်နဲ့ ဆက်သွယ်ပေးတဲ့ ဒါဒက်နဲလ်စ် ရေလက်ကြားဟာ ကျဉ်းမြောင်းပြီး ဥရောပနဲ့ အာရှအကြား သွားလာနေတဲ့ သင်္ဘောတွေအတွက် အရေးကြီးတဲ့ သမိုင်းကြောင်းအရ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းတခု ဖြစ်ပါတယ်။
တောမီးကြောင့် ဒီလမ်းကြောင်းမှာရှိတဲ့ ရွာခြောက်ရွာ၊ ကာနက်ခ်ခဲလ် လေကြောင်းကွပ်ကဲရေးဌာနနဲ့ ဒေသန္တရ တက္ကသိုလ်ကျောင်းဝင်းတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ သစ်တောရေးရာဝန်ကြီး အီဘရာဟင်မ် ယူမက်လီက ပြောပါတယ်။
လေယာဉ် ၈ စင်း၊ ရဟတ်ယာဉ် ၂၆ စင်း၊ ရေသယ်ကား အစီး ၁၈၀ နဲ့ မီးသတ်သမား အယောက် ၁,၁၀၀ လောက် လွှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source - Reuters