ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ် မြို့တော်အက်ဒ်မွန်တန်ရှိ ကုန်တိုက်တခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။
West Edmonton ကုန်တိုက်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ဘေးရန်ကြုံရသူတွေကို ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာတွေက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဒီဖြစ်ရပ်ဟာ နှစ်ဦးနှစ်ဖက် သိရှိထားသူအချင်းချင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ အပြင်မထွက်ကြဖို့ အမိန့်ပေးထားတာကို ပြန်ရုပ်သိမ်းသွားခဲ့ကြောင်းလည်း ရဲတွေက ဆိုပါတယ်။
သေနတ်သမားရဲ့ အချက်အလက် အသေးစိတ်တွေကို ချက်ချင်းမသိရသေးပါဘူး။ အဲဒီကုန်တိုက်ဟာ စတိုးဆိုင်ပေါင်း ၈၀၀ ကျော် ရှိတဲ့နေရာဖြစ်ပြီး နှစ်စဉ် လာရောက်လည်ပတ်သူ ပျမ်းမျှ ၃၁ သန်းနီးပါး ရှိပါတယ်။
Source - Reuters