အမျိုးသမီးကမ္ဘာ့ဖလားဆုပေးပွဲမှာ စပိန်ကွင်းလယ်ကစားသမား ဂျင်နီဟာမိုဆိုကို အနမ်းပေးခဲ့မှုအတွက် တောင်းပန်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောသွားပါတယ်။
စပိန်အမျိုးသမီးအသင်းဟာ အင်္ဂလန်ကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး သမိုင်တလျှောက်ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တာပါ။
ဆုပေးပွဲအခမ်းနားကျင်းပရာမှာ စပိန်ဘောလုံးဥက္ကဋ္ဌ ယူဘီယာလက်စ်က အောင်ပွဲခံခဲ့ပြီး ကွင်းလယ်ကစားသမား ဂျင်နီဟာမိုဆိုကို ပွေ့ဖက်ရင်း အနမ်းပေးခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲပြီးနောက် ဂျင်နီဟာမိုဆိုကိုယ်တိုင်ကဥက္ကဋ္ဌ ယူဘီယာလက်စ်အပေါ် ကာကွယ်ပြောကြားခဲ့ပေမဲ့ အနမ်းခံရမှုအပေါ် မနှစ်သက်ကြောင်းလည်း ပါဝင်ခဲ့တာပါ။
နောက်တရက်မှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက အမှားလုပ်ခဲ့မိကြောင်း ဝန်ခံခဲ့ပြီး စိတ်လှုပ်ရှားမှုတွေများနေချိန်ဖြစ်ကြောင်းနဲ့ မကောင်းတဲ့ရည်ရွယ်ချက် မပါခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့တာပါ။
ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ဦးဖြစ်နေတဲ့အတွက် ပိုမို ဂရုစိုက်ရမှာဖြစ်ကြောင်း၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူရမှာဖြစ်ပြီး တောင်ပန်းစကားလည်း ဆိုရမှာဖြစ်ကြောင်း ယူဘီယာလက်စ်က ပြောသွားခဲ့ပါတယ်။