ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်မြန်မာနိုင်ငံသား ၆ ဦးကို သြဂုတ် ၁၉ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခရိုင်လူဝင်ကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး သောင်ရင်းမြစ်နားမှာ သြဂုတ် ၁၉ရက် ညနေ ၆နာရီခွဲက တာ့ခရိုင်လူဝင်ကြီးကြပ်ရေးအရာရှိနဲ့ မူးယစ်ဆေးဝါးတားစီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး ကြားဖြတ်ဖမ်းဆီးဆောင်ရွက်နေစဥ်မှာ အထောက်အထားစာရွက်မပါရှိတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦးဟာ အခုမှာ တရားမဝင်ဝင်ရောက်တာလား အရင်ကတည်းက မဲဆောက်မှာ အထောက်အထားမရှိပဲနေထိုင်နေတာလားဆိုတာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြခြင်း မရှိခဲ့ပါဘူး။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦးကို တာ့ခရိုင် လူဝင်ကြီးကြပ်ရေးဌာနမှာထိ န်းသိမ်းထားပြီး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ လူဝင်ကြီးကြပ်ရေးဌာနက လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၇ ရက်ကလည်း မဲဆောက်မြို့မှာ စီမံချက်နဲ့ ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
photo.Tak Immigration