ရန်ကုန်မြို့ သိမ်ဖြူကွင်းမှာ သြဂုတ် ၂၀ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီရှစ် (MLWC-8) ပြိုင်ပွဲမှာ ထွန်ထွန်းမင်းက သွေးသစ်ဝင်းလှိုင်ကို ပူးတွဲသရေကစားပြီးနောက် ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
၈ ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ပွဲမှာ တွဲဆိုင်း ၆ ခု ထည့်သွင်းကျင်းပခဲ့ပြီး အဓိကတွဲဆိုင်းဖြစ်တဲ့ ၈၀ ကီလိုတန်းမှာယှဥ်ပြိုင်ခဲ့တဲ့ ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်အတွဲက ၅ ချီ ပြည့်ထိုးသတ်ခဲ့ပေမဲ့ အရှုံးအနိုင်အဖြေမပေါ်ခဲ့တာကြောင့် ပူးတွဲသရေကြခဲ့ပါတယ်။
ဒါကြောင့် ထွန်းထွန်းမင်းဟာ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၆ ကြိမ်တိုင်တိုင် ကာကွယ်နိုင်သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယတွဲဆိုင်းဖြစ်တဲ့ ၇၅ကီလိုတန်းမှာ ယှဥ်ပြိုင်ခဲ့တဲ့ ထွန်းမင်းအောင်နဲ့ ဂျပန်လက်ဝှေ့သမား တိုခဲရှီတို့အတွဲဟာလည်း ပူတွဲသရေကြခဲ့ပါတယ်။
တခြားတွဲဆိုင်းတွေဖြစ်တဲ့ ၇၀ ကီလိုတန်းမှာထိုးတဲ့ ကျော်စွာဝင်းနဲ့ အဝသန်တို့အတွဲနဲ့ ၆၅ ကီလိုတန်းမှာ ယှဥ်ပြိုင်ခဲ့တဲ့ ဟံသာဝတီနဲ့ အီဆိုးတို့အတွဲတို့ဟာလည်း ပူးတွဲသရေကြခဲ့ပါတယ်။
၆၃ ဒသမ ၇ကီလိုတန်းမှာ ယှဥ်ပြိုင်တဲ့ စိန်လုံးချောနဲ့ မိုးထက်အောင်တို့အတွဲမှာတော့ စိန်လုံးချောက ၄ ချီမြောက်မှာအလဲထိုးအနိုင်ယူခဲ့သလို ၅၄ကီလိုတန်းမှာ ယှဥ်ပြိုင်ခဲ့တဲ့ တိုင်းကျော်နဲ့ ဝူသောဒိုတို့အတွဲမှာတော့ တိုင်းကျော်က ၃ ချီမြောက်မှာအလဲထိုးအနိုင်ယူခဲ့ပါတယ်။