ယူကရိန်းနိုင်ငံမြောက်ပိုင်းက သမိုင်းဝင်မြို့ တခုဖြစ်တဲ့ ချာနီဟိဗ်မြို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း အသက် ၆ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးလူ ၇ ဦးအထိ သေဆုံးခဲ့ရ ပါတယ်။
သြဂုတ် ၁၉ ရက်က တိုက်ခိုက်မှုကြောင့် လူအယောက် ၉၀အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဗီချယ်စလက်ဗ် ချာအူးစ်က အတည်ပြုပါတယ်။
ဒီမြို့ရဲ့ ဗဟိုရင်ပြင်ကို ရုရှားဒုံးကျည် ထိမှန်ခဲ့ရာမှာ ဒဏ်ရာရရှိခဲ့သူတွေထဲက ၁၂ ဦးဟာ ကလေး သူငယ်တွေ ဖြစ်ကြသလို တခြား ၁၀ ဦးကလည်း ရဲအရာရှိတွေ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားပါတယ်။
ဘာသာရေးဆိုင်ရာ အားလပ်ရက်တစ်ခုမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ ဘုရားကျောင်းကို လူအများသွားလာနေ ချိန်အတွင်း အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။
ဒါ့အပြင် ချာနီဟိဗ်မြို့ဟာ သစ်ပင်တွေနဲ့ စိမ်းလန်းနေတဲ့ လမ်းမကြီးတွေ အပါ အဝင် ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ဘုရားကျောင်းတွေရဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
ကိဗ် မြို့တော်ကနေ မိုင် ၉၀ သာ ကွာဝေးတဲ့ ဒီမြို့မှာ ကဇာတ်ရုံတစ်ခုနဲ့အတူ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေပါ ပျက်စီးသွားတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အလှမ်းဝေးတဲ့ ရှေ့တန်းစစ်မျက်နာကတဆင့် ယူကရိန်းမြို့တွေကို ဒုံးကျည် တွေ၊ ဒရုန်းတွေနဲ့အတူ ရုရှားဘက်က ပစ်ခတ်တိုက်ခိုက်နေခဲ့တာပါ။ ဒါဟာ လွန်ခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်မှုတွေထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
Source-Reuters