နာပိုလီနည်းပြဟောင်း စပယ်လက်တီကို အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က သြဂုတ် ၁၉ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
စပယ်လက်တီဟာ အီတလီလက်ရွေးစင်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တနှစ်လုပ်ခ ပေါင် ၃ သန်း ရရှိမှာဖြစ်ပါတယ်။
သြဂုတ် ၁၃ ရက်နေ့မှာ နည်းပြမန်စီနီ အီတလီနည်းပြရာထူးကနေ နုတ်ထွက် ခဲ့တာကြောင့် လစ်လပ်နေတဲ့ အီတလီနည်းပြနေရာအတွက် အီတလီဘောလုံးအဖွဲ့ချုပ်က စပယ်လက်တီနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။
စပယ်လက်တီဟာ နာပိုလီအသင်းကို ၂၀၂၃ အီတလီစီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပြီးနောက် အနားယူဖို့ အကြောင်းပြချက်နဲ့ နာပိုလီအသင်းကနေ နုတ်ထွက်ခဲ့ပြီး ၃ လအကြာမှာ အီတလီလက်ရွေးစင်နည်းပြရာထူးကို လက်ခံခဲ့တာပါ။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဋ္ဌ ဂါရာဗီနာက "နိုင်ငံအသင်းမှာ ကြီးကျယ်တဲ့ နည်းပြတဦး လိုအပ်နေတဲ့အချိန်မှာ အဇူရီတွေရဲ့ကမ်းလှမ်းချက်ကိုလက်ခံခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ စပယ်လက်တီရဲ့စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုတွေဟာ လာမယ့်လတွေအတွင်း အီတလီရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်" လို့ ပြောပါတယ်။
စက်တင်ဘာမှာ ကစာမယ့် မြောက်မက်ဆီဒိုးနီးယားနဲ့ ယူကရိန်းတို့ပွဲမတိုင်မီ စပယ်လက်တီရဲ့ တတရားဝင်မိတ်ဆက်ပွဲကို ကိုဗာကီရာနိုမှာ ကျင်းပသွားမယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။