ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်မှာ ဒီနေ့ မနက် ၆ နာရီက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ သီလဝါပြည်တွင်း စက်မှုဇုန်၊ မင်းသိဒ္ဓိကျော်စွာ လမ်းဘေးမှာ ဒီနေ့ မနက် ၆ နာရီက ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ကောင်မလေးက အသက် ၂၀ လောက်ပဲရှိမယ်၊ နှာခေါင်းမှာရော ပါးစပ်မှာပါ သွေးတွေထွက်နေတယ်၊ နောက်စေ့မှာလည်း ဖူးယောင်နေတယ်၊ ရဲတွေ လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်။"
သေဆုံးသူအမျိုးသမီးမှာ အသက် ၂၀ အရွယ်ဖြစ်ပြီး ဦးခေါင်းနောက်စေ့ဒဏ်ရာနဲ့ ခန္ဓာကိုယ်ဘယ်ဘက်စောင်းကာ နဖူးပေါ်လက်တင်ပြီး နှာခေါင်းနဲ့ပါးစပ်တို့က သွေးထွက်ကာ ဘေးတစောင်းအနေအထားနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"လုပ်ကြံသတ်ဖြတ်ခံရတဲ့အနေအထားပါ၊ ဘယ်ကလဲတော့မသိဘူး စုံစမ်းနေတယ်။ Dead Body က ကျောက်တန်းဆေးရုံမှာပါ။"