ပီရူးရဲတပ်ဖွဲ့ဟာ ဝမ်းကွဲမောင်နှမ တော်စပ်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းခံရသူ ကလေး ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သြဂုတ် ၁၆ ရက်မှာ အာဏာပိုင်တွေက ပြောကြား ခဲ့ပါတယ်။
ကျူးလွန်ခံရသူတွေဟာ အသက် ၁၆ နှစ်၊ ၁၀ နှစ်နဲ့ ၈ နှစ်အရွယ်လေးတွေ ဖြစ်ကြတယ် လို့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနခွဲမှ တပ်မှူး ဂျင်မီ ကားစီးရပ်စ်က ပြောပါတယ်။
ကလေးတွေကို အနိုင်ကျင့် အမြတ်ထုတ်ကြောင်း စွပ်စွဲခံထားရသူ ၂ ဦးဟာ မိဘသွေးတဝက် တော်စပ်ကြတဲ့ ညီအစ်ကိုတွေဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ အစီရင်ခံထားပြီး သူတို့တွေကို ကလေးသူငယ် အလွဲသုံးစားပြုမှုနဲ့ ဖမ်းဆီးထားပါတယ်။
ကျူးလွန်သူတွေဟာ ကလေးညစ်ညမ်းရုပ်ပုံတွေကို ပီရူးကနေ ရောင်းစားနေတယ် ဆိုတာကို အမေရိကန် ပြည်ထောင်စုရဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းမှရရှိတဲ့ အချက်အလက်တွေအရ သိရတယ် လို့ ပီရူးနိုင်ငံရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနခွဲမှ တပ်မှူး ဂျင်မီ ကားစီးရပ်စ် က ပြောပါတယ်။
ကလေးတွေကို သက်ဆိုင်ရာ အစိုးရဌာနတွေမှာ ပြုစုစောင့်ရှောက်ထားပါတယ်။
Source-Reuters