စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လယ်ကိုင်းရွာကို သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ လယ်ကိုင်းရွာကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့ကနေ ဟန်လင်းရွာကို ဩဂုတ် ၁၆ ရက် ညနေ ၄ နာရီက စတင်စစ်ကြောင်းထိုး ညအိပ်တပ်စွဲကာ အခုလို ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းေဆာင်တွေက ပြောပါတယ်။
ဝက်လက်ဒေသခံ LPDF ခေါင်းဆောင် ဗိုလ်ကျားကြီးက “ဟန်လင်းရွာဘက်က ဒရုန်းနဲ့ စကစဘက်ကနေ လာချတာဗျ။ ဘာလို့ချတာလဲဆိုတာတော့ အတိအကျမသိဘူး။ သူတို့ချချင်လို့ကို ချတာ။ မြေပြင်မှာတော့ ဘာအဖွဲ့မှမရှိဘဲကို ချတာ။ အဓိကတော့ ပြည်သူကို အကြောက်တရားဖြစ်အာင် လုပ်တာလို့ပဲ ကျနော်မြင်မိတယ်။ အခု ဒရုန်းနဲ့ ဗုံးသီးချတာက ၄၀ မမ ဗုံးနှစ်လုံးချခဲ့တာ။ သူတို့ချတာက စာသင်ကျောင်းကို ချတာထင်တယ်။ စာသင်ကျောင်းပေါ်မကျဘဲ စာသင်ကျောင်းအနောက်ဘက်က ပြည်သူ့နေအိမ် ခေါင်မိုးေပါ် ကျခဲ့တာဗျ။ အဲလို ဗုံးသီးကျပြီးတော့ အသက် ၃၀ ကျော် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်။ နောက်ပြီးတော့ အသက် ၅၀ ကျော် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်ဗျ။ အိမ်ခေါင်မိုးလည်း ပျက်စီးတာတွေ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုလို စစ်ကြာင်းထိုးလာတာကြောင့် ဟန်လင်းကျေးရွာက ဒေသခံတွေ စစ်ကြောင်းရှောင်ေနကြရသလို အခု ဒရုန်းချတိုက်ခိုက်တဲ့ လယ်ကိုင်းကျေးရွာက ပြည်သူတချို့လည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ရွာအတွင်းကနေ တိမ်းရှောင်နေတာတွေလည်း ရှိေနတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုနေပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေကာ စစ်ရေး ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဂန့်ဂေါ PDF ဘက်က ပြောပါတယ်။
ဩဂုတ် ၁၅ ရက် မနက်အစောပိုင်းက မင်းရွာရဲစခန်းကို ဂန့်ဂေါ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက အင်အားသုံး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဂန့်ဂေါ PDF အဖွဲ့ဝင်တဦးက “တိုက်ပွဲအခြေအနေကတော့ စောင့်ကြည့်နေရတဲ့ အနေအထားမှာပါ။ သူတို့ဘက်က လေကြောင်းပစ်ကူတယ်။ Mi35 နဲ့ နှစ်ကြိမ်လာပစ်တာပါ။ ခလရ ၅၀ က စစ်ကြောင်းကလည်း ထိုးနေတယ်။ ဒေသခံတွေကတော့ တိမ်းရှောင်ကြပြီးပြီ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးဝန်းကျင် ကျဆုံးထားပြီး မိမိတို့ဘက်က ဂန့်ဂေါ PDF တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီ မင်းရွာကျေးရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်နေထိုင်ကာ လက်ရှိမှာ ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။