တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖှုဟာ သြဂုတ် ၁၆ ရက်မှာ ဘယ်လာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗစ်တာ ခရန်နင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မင့်စ်ခ်မြို့ဆီ သွားခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ အခုသီတင်းပတ် အစောပိုင်းမှာ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာညီလာခံဆီ တက်ရောက်ခဲ့ကြပါတယ်။
ရုရှားမြို့တော်မှာ စကားပြောဆိုရာမှာ လီက ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး မီးနဲ့မကစားဖို့ သတိပေးခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားက အထူးစစ်ဆင်ရေး လုပ်နေချိန်မှာ တခြား တရုတ်အရာရှိတွေရဲ့ အရင်မှတ်ချက်တွေကို ပဲ့တင်ထပ်ပြီး ခုလိုပြောလိုက်တာပါ။ အစောပိုင်းမှာ တရုတ်နိုင်ငံဟာ ပဋိပက္ခအဆုံးသတ်ရေး သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို တင်ပြခဲ့ပါတယ်။
လီကို နှုတ်ခွန်းဆက်ရင်း ခရန်နင်က တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်လာရုစ် နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးဆုံး ဦးစားပေးဖြစ်တယ်လို့ ပြောပါတယ်။
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးပမ်းရာမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ တွေ့ဖို့ ဖေဖော်ဝါရီနဲ့ မတ်လမှာ တရုတ်မြို့တော် ပေကျင်းကို သွားရောက်ခဲ့ပါတယ်။
Source - Reuters