Home
မြန်မာသတင်း
ပေါင်တွင် နယ်ထိန်းရဲ ၁ ဦး ထပ်ပြီး ပစ်သတ်ခံရ
DVB
·
August 13, 2023
365932959_2215176612146595_4528733250574953150_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ် ၁၂ ရက်နေ့က နယ်ထိန်းရဲတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား ထွန်းနိုင်လင်းဟာ သထုံခရိုင်ရဲတပ်ဖွဲ့ရုံးကို စာသွားပို့ပြီးအပြန် ပန်းကုန်းကျေးရွာအနီးမှာ ညနေ ၄ နာရီလောက်က အမည်မသိ သေနတ်သမား ၂ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး အနီးကပ်ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရဲတပ်သား ထွန်းနိုင်လင်းဟာ ရင်ဘတ်ကျည်ဖောက် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူမှုကယ်ရေးဆယ်အဖွဲ့ အကူအညီနဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ရဲတပ်သား ထွန်းနိုင်လင်းဟာ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာနဲ့ ကတွန်ကျေးရွာ အပိုင် နယ်ထိန်းဖြစ်တယ်လို့ သိရပါတယ်။

သူ့ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ K2 စားသောက်ဆိုင်မှာ ဇင်းကျိုက်နယ်မြေရဲစခန်းက ဥတ္တံတားကျေးရွာ နယ်ထိန်းရဲ ရဲတပ်သား စိုးဇော်အောင်နဲ့ သူ့မိတ်ဆွေအရပ်သားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024