Home
မြန်မာသတင်း
ပင်လောင်းတွင် မိုးကြီး ရေလျှံပြီး လူနေရပ်ကွက်နှင့် စိုက်ခင်းများ ရေနစ်မြုပ်
DVB
·
August 10, 2023
PinLaung Water Float 10082023 2
PinLaung Water Float 10082023 1
PinLaung Water Float 10082023 3
PinLaung Water Float 10082023 4

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က မြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ဩဂုတ် ၁ ရက်ကစပြီး မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက် နေရာတော်တော်များများမှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ စိုက်ပျိုးရေးခြံတချို့ ရေမြုပ်ကုန်တယ်လို့ ဒေသခံ ပြောပြချက်အရ သိရပါတယ်။

ပင်လောင်းဒေသမှာ ဇွန်နဲ့ ဇူလိုင်လတွေအတွင်း မိုးရွာသွန်းမှုမရှိဘဲ အခု ဩဂုတ်လမှာ မိုးဆက်တိုက်ရွာနေပြီး တနယ်လုံးနီးပါး ရေမြုပ်နေကာ စိုက်ပျိုးဧက ထောင်ချီပြီး ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ခရမ်းချဉ်ပင်တွေ စပါးပင်တွေ ရေမြုပ်ကုန်တယ်။ လမ်းတွေတောင် သွားလို့မရတဲ့အထိ ဖြစ်ရတယ်။ မြေနိမ့်ပိုင်းတွေဆို တောင်ကျရေ ဝင်ကုန်တယ်။ ကလေးတွေ သွားဆော့မှာလည်း ကြောက်ရတယ်။ ခုလည်း မိုးကြီးနေတုန်းမို့ ရေပြန်ကျတဲ့ အလားအလာ မရှိသေးဘူး” လို့ ပြောပါတယ်။

မိုးများပြီး ရေကြီးတာကြောင့် စိုက်ပျိုးပင်တွေ ရေမြုပ်ကာ ပျက်စီးသွားတဲ့ ပျိုးပင်ဧကများစွာ ရှိနိုင်ပြီး အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

ပင်လောင်းမြို့ဟာ တောင်ပေါ်မြို့ဖြစ်ပြီး ရေကြီးမှုလည်း မဖြစ်ပွားဖူးဘဲ အခုလို မိုးကြီးတာကြောင့် တချို့ မြေနိမ့်ပိုင်းနဲ့ လမ်းအများစု ရေမြုပ်ကုန်တာကြောင့် ရေကြီးတဲ့ နေရာတွေမှာ သွားလာခြင်းမပြုဖို့ ဒေသတွင်း အာဏာပိုင်တွေက တားမြစ် သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024