Home
မြန်မာသတင်း
တရားမဝင် ရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော်ကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြု
DVB
·
August 9, 2023
Myanmar-migrant-workers-in-BKK

ထိုင်းနိုင်ငံမှာ အထောက်အထား တစုံတရာမရှိဘဲ ဝင်ရောက်နေထိုင်သူတွေအနေနဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့  ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး အမည်စာရင်းတွေ တင်သွင်းဖို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက တရားမဝင် အလုပ်သမားတွေ အမည်စာရင်း တင်သွင်းထားတာ စုစုပေါင်း ၄၁၇,၂၆၁ ဦးရှိပြီး အလုပ်ရှင်တွေအနေနဲ့ သူတို့တွေကို လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ထိ ငှားရမ်းစေခိုင်းနိုင်တယ်လို့ ဩဂုတ် ၈ ရက် ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်ကို ကိုးကားပြီး ဝန်ကြီးများရုံး ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ရာ့ချ်ဒါ ထနားဒီးလိတ်က ပြောပါတယ်။

အဲဒီအချိန်ဟာ နောက်အစိုးရသစ် တက်လာမယ့်ကာလ၊ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ့် ကာလနဲ့ ကိုက်ညီလိမ့်မယ်လို့လည်း ဆက်ပြောပါတယ်။

အမည်စာရင်း တင်သွင်းထားသူတွေဟာ သာမန်အချိန်ဆိုရင် ဆေးစစ်တာ၊ ကျန်းမာရေး အာမခံလုပ်တာ၊ ဗီဇာတောင်းခံတာ၊ အလုပ်သမားကတ်လုပ်တာ၊ ကိုယ်ရေးရာဇဝင်နဲ့ ပန်းရောင် နေထိုင်ခွင့်ကတ် ရိုက်တာတွေ ဆက်လက်ပြုလုပ်ရမှာဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံရေး အခြေအနေအရ အစိုးရသစ် မဖွဲ့နိုင်သေးတာကြောင့် အဆိုပါလုပ်ငန်းစဉ်တွေ မလုပ်ဆောင်နိုင်သေးဘဲ ဖြစ်နေတာပါ။

ဇူလိုင် ၃၁ ရက်မှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးသွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားမဝင် အလုပ်သမားအဖြစ် မရောက်ရလေအောင်၊ လုပ်ငန်းရှင်တွေ အနေနဲ့လည်း အလုပ်သမားပြတ်လပ်တဲ့ အခက်အခဲ မရှိရလေအောင် ဒီ ၂၀၂၃  စက်တင်ဘာ ၃၀ ရက်နေ့ထိ လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးလိုက်တယ်လို့ ယာယီဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက သတင်းထောက်တွေကို ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024