မန်ယူတိုက်စစ်မှူးသစ် ဟွိုက်လန်းရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုမိုဆိုးရွားလာနိုင်တယ်လို့ သိရပါတယ်။
အသက် ၂၀ ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ အီတလီကလပ် အတ္တလန္တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
သူဟာ အတ္တလန္တာအသင်းမှာကတည်းက နောက်ကျောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ ရာသီအစ ပွဲစဉ်နှစ်ပွဲကို လွဲချော်မှာပါ။
ဟွိုက်လန်းရဲ့ ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးစဉ်ကတည်းက နောက်ကျောမှာ ဒဏ်ရာရှိနေကြောင်း တွေ့ရှိခဲ့ပြီး မျှော်မှန်းထားတာထက် ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတင်းထွက်လာခဲ့တာပါ။
ဟွိုက်လန်းရဲ့ နောက်ကျောဒဏ်ရာ အခြေအနေဟာ စနစ်တကျ ဂရုစိုက်သွားဖို့ လိုအပ်ပြီး တပတ်ကို နှစ်ပွဲအထိ ကစားမယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ အခြေအနေ ရောက်ရှိသွားနိုင်ကြောင်း ဆရာဝန်တွေရဲ့ ပြောစကားကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းက ဖော်ပြသွားပါတယ်။