ဗီယက်နမ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့ပြီးနောက် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ VTV က သြဂုတ် ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းနှစ်ရပ်စလုံးက ပြည်နယ်အသီးသီးမှာ ရေကြီးရေလျှံမှုကြောင့် လမ်းအများအပြား ပျက်စီးခဲ့ပြီး ယာဉ်မောင်းတွေ သောင်တင်နေခဲ့တာပါ။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသမှာ သြဂုတ် ၄ ရက်စပြီး မိုးရေချိန် ၁၀၀ ကနေ ၂၀၀ မီလီမီတာအထိ မိုးသည်းသည်းထန်ထန် ရွာခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင် ကလည်း ဒေသန္တရ အာဏာပိုင်တွေက ပိုတိုးပြီး တုံ့ပြန်ဖို့နဲ့ ထိခိုက်ခံစားရတဲ့ ဒေသတွေဆီ အကူအညီတွေပေးဖို့ တောင်းဆိုထားတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source - Reuters