ရွေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သင်္ဘောနှစ်စင်း ပျက်သွားပြီးနောက် လူ ၃၀ ကျော် ပျောက်ဆုံးနေတဲ့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ သြဂုတ် ၆ ရက်က အီတလီနိုင်ငံတောင်ပိုင်း လမ်ပယ်ဒူဆာကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်ကနေ အလောင်းနှစ်လောင်းကို ဆယ်ယူခဲ့ပြီး လူပေါင်း ၅၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
တူနီးရှားနိုင်ငံထဲက ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းအတွက် ထွက်ပေါက်ဖြစ်တဲ့ အက်စ်ဖက်စ်ဆိပ်ကမ်းကနေ ထွက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သင်္ဘာနှစ်စီးဟာ ဥရောပကို လာရာလမ်းမှာ စနေနေ့က နစ်မြုပ်ခဲ့တာလို့ ရှင်သန်ကျန်ရစ်သူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး အန်ဆာသတင်းဌာနက ထုတ်ပြန်ပါတယ်။
အီတလီကင်းလှည့်သင်္ဘောတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေကို သွားရောက် ကယ်ဆယ် ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူ ၂,၀၀၀ ကျော်ဟာ လမ်ပယ်ဒူဆာကျွန်းပေါ်ကို ရောက်လာခဲ့ကြပါတယ်။
Source - Reuters