Home
မြန်မာသတင်း
ပြည်မြို့ စည်ပင်ဈေး အမှိုက်ခွန် စကောက်
DVB
·
August 6, 2023
365265533_195496950172873_3713215998164851106_n

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့စည်ပင်သာယာဈေးမှာ ဈေးသည်တွေအားလုံးဆီက အမှိုက်ခွန် အဖြစ် တလကို ၂၀၀၀ ကျပ်စကောက်နေတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။

ဆိုင်ခန်းတွေနဲ့ အပြင်တန်းမှာရှိတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်း‌ချသူတွေဆီကနေ မြို့နယ်စည်ပင်၊ ဈေးခေါင်းရုံးနဲ့ ရက်ရာဇာအမှိုက်သိမ်းဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်းပြီး ဒီလကစလို့ ကောက်ခံတာ လို့ ဆိုပါတယ်။

ဈေးကြီး စတင်ဖွင့်တဲ့အချိန်ကစပြီး အမှိုက်သိမ်းစနစ်ကို ဈေးရောင်းသူတွေကပဲ တာဝန်ယူ ဆောင်ရွက်ရတာဖြစ်ပြီး ဈေးကြီးအပြင်ဘက်ကိုတော့ စည်ပင်သာယာဝန်ထမ်းတွေက ဆောင်ရွက်ခဲ့ တာလို့ ဈေးသူဈေးသားတွေက ဆိုပါတယ် 

အထည်ဆိုင်ရောင်းချနေသူတယောက်က "အခန်းတွေက အများကြီးရှိတယ်။ ဈေးပြင်မှာ ဈေးဗန်းခင်း ရောင်းတဲ့သူမပါရင်ကို သိန်းရာချီရမှာလေ။ ငွေလိုချင်လို့ကို တမင်လုပ်နေကြတာ။ ပုဂ္ဂလိက အဖွဲ့အစည်းတွေပါ ပါလာပြီ။ ရက်ရာဇာက စစ်ကောင်စီနဲ့ပေါင်း လုပ်စားတာ။ ဒီဟာ မကောက်ခင်ကို ဈေးကြီး မြှင့်တင်ဖို့ဆိုပြီး ဈေးဆိုင်ခန်းတွေအားလုံး သံတံခါးနဲ့ကြွေပြားခင်း ရမယ်ဆိုလို့ လုပ်ရသေးတာ။ ၃၊၄ သိန်း ကုန်ထားတာမှ မကြာသေးဘူး”လို့  ပြောပါတယ်။ 

အဲဒီဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိပြီး ဈေးအပြင်ဘက်မှာလည်း ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းချသူအများအပြားရှိပါတယ်။

အမှိုက်ခွန်မပေးသူတွေကို ဆိုင်ခန်းသိမ်းမှာဖြစ်ပြီး ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကိုတော့ ဥပဒေ ကြောင်းအရ တရားစွဲမယ်လို့  သိရပါတယ်။

စစ်‌အာဏာ မသိမ်းခင်က ဆိုင်ခွန် ၁၂၀၀ နဲ့ မီတာခွန်ပဲ ပေးခဲ့ရပြီး အခုတော့ ဆိုင်ခွန်လည်း ကျပ် ၃၀၀၀ အထိ တိုးကောက်လာတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

ရက်ရာဇာ အမှိုက်သိမ်းဝန်ဆောင်မှု ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ စည်ပင်ကော်မတီနဲ့ အများပြည်သူထောက်ခံမှုနဲ့ လုပ်ကိုင်ခွင့်ရလာခဲ့တာလို့လည်း မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024