မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန်တာ တိုက်စစ်မှူး ရက်မက်စ် ဟွဲလန်ကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၀ အရွယ် ဒိန်းမတ်တိုက်စစ်မှူးဟာ စီးရီးအေကလပ် အတ္တလန်တာကို ၂၀၂၂ မှာ ရောက်ရှိပြီး ၃၄ ပွဲမှာ ၁၀ ဂိုး သွင်းပေးထားပါတယ်။
သူ့ကို မန်ယူနိူက်တက်က ၅ နှစ်စာချုပ်နဲ့ ခေါ်ယူတာ ဖြစ်ပါတယ်။
မန်ယူနည်းပြ တန်ဟတ်အတွက်တော့ ဒီနှစ်နွေရာသီမှာ မေဆန်မောင့်နဲ့ ဂိုးသမား အိုနာနာပြီးရင် တတိယမြောက် ကစားသမားခေါ်ယူမှုလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး ရက်မက်စ် ဟွဲလန်ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီကလည်း ခေါ်ယူဖို့ စိတ်၀င်စား နေချိန်မှာ မန်ယူနိုက်တက်က လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူးဟာ ဒဏ်ရာအနည်းငယ် ရှိနေတာကြောင့် မန်ယူအသင်းရဲ့ ရာသီအထွက် ပွဲစဉ်တွေမှာ ပါ၀င်နိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။
Source-Reuters