Home
မြန်မာသတင်း
မွန်နှင့် ကရင်ပြည်နယ်တွင် ရေကြီး၊ ဒေသခံများ ရွှေ့ပြောင်း
DVB
·
August 4, 2023
Mon-Kayin-Water-Float-3
Mon Kayin Water Float 1
Mon-Kayin-Water-Float-5
Mon-Kayin-Water-Float-7
Mon-Kayin-Water-Float-6
Mon-Kayin-Water-Float-2
Mon-Kayin-Water-Float-4

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မြို့နယ်တချို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားလာလို့ ဒေသခံတွေကို စတင်ပြောင်းရွှေ့ပေးနေရတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေ ဆီကနေ သိရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်တာကြောင့် ဒေသခံ ၁,၀၀၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဩဂုတ် ၂ ရက်ကတည်းက ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် ၁,၀၂၂ စင်တီမီတာထက် ကျော်လွန်ပြီး ၁,၀၅၂ စင်တီမီတာထိ ရောက်ရှိလာလို့ မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့ပါ ရေဘေးသင့်ခဲ့ရတာပါ။

“မနေ့ညနေပိုင်းက ရေပြန်ကျပေမဲ့ ဒီမနက် ရေက ပြန်တက်လာတော့ ကားလမ်းမတွေတောင် ရေကျော်နေတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့ပေါ်က ကန်သာယာ၊ ဘိုးရာဇာ၊ ဘိုးလှကြီး၊ ဆရာစံရပ်ကွက် အနိမ့်ပိုင်းတွေနဲ့ သပြေနီ၊ အလူးလေး၊ ကြီးပင်၊ ကြိမ်ဖန်၊ တောင်စွန်း၊ ရွှေလှေ၊ နှင်းပုလဲစတဲ့ ကျေးရွာအနိမ့်ပိုင်းတွေမှာ ရေဝင်နစ်မြုပ်ခဲ့ပါတယ်။

ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ခုရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်ထားပါတယ်။

ဒါ့အပြင် သြဂုတ် ၄ ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့နယ် စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် အနိမ့်ပိုင်းက ဒေသခံတွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက စတင်ပြောင်းရွှေ့ထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024