တိုင်ဖွန်း ဒေ့ါဆူရီနဲ့ အနောက်တောင်မုတ်သုံလေပြင်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်းမြောက်ပိုင်းက အနိမ့်ပိုင်းကျေးရွာတွေ သြဂုတ် ၁ ရက်က ရေနစ်မြုပ်သွားခဲ့ပါတယ်။
မနီလာမြို့မြောက်ဘက် ဘူလာကန်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ ဒေသခံတွေ သစ်သားလှေငယ်တွေနဲ့ သွားလာခဲ့ရပြီး မြေနိမ့်ပိုင်း ဒေသတွေမှာတော့ မြေပေါ် ၇ ပေအထိ ရေလွှမ်းမိုးခဲ့ပါတယ်။
တပတ်ကျော်ကြာအောင် မိုးရွာမယ်လို့ ဒေသခံတွေက မမျှော်လင့်ထားလို့ သူတို့ရဲ့ ပစ္စည်းတွေနဲ့ မော်တော်ကား အများအပြားရေမြုပ်သွားတယ်လို့ ကျေးရွာကောင်စီဝင် ဘင်ဂျမင် ဒေလီယွန်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က တိုင်ဖွန်း ဒေါ့ဆူရီဟာ တနာရီ ၁၀၈ မိုင် လေတိုက်နှုန်းနဲ့ ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်ကျွန်းစုရဲ့ မြောက်ဘက်နဲ့ လူဦးရေအများဆုံးရှိရာ လူဇွန်ကျွန်းဆီ ဝင်ရောက်ခဲ့ပါတယ်။
Source - Reuters