သြစတြေးလျနိုင်ငံက ၂၀၂၅ ခုနှစ်မှာ ပဲ့ထိန်းဒုံးကျည်စနစ်တွေ ထုတ်လုပ်နိုင်အောင် အမေရိကန်က ကူညီပေးမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ဇူလိုင် ၂၉ က ပြော လိုက်ပါတယ်။
နှစ်နိုင်ငံကြား စုပေါင်းစက်မှု အခြေစိုက်စခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သြစတြေးလျမှာ ဒုံးကျည် ထုတ်လုပ်မှုကို နှစ်နှစ်အတွင်း စတင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဩစတေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ် မာလက်စ်က ထုတ်ဖော်ပြောကြားပါတယ်။
နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဩစတြေးလျ ရေပိုင်နက်ဆီ လာလည်ပတ်မယ့် အချိန်တိုးလာမယ်လို့လဲ သူက ဆက်ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ဟာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ဩစတြေးလျ - အမေရိကန် ဝန်ကြီးအဆင့် အစည်းအဝေး (AUSMIN) အတွက် ဩစတြေးလျ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး နေကြတာပါ။
ဩစတြေးလျရဲ့ လက်ရှိ အာဏာရ အလုပ်သမားပါတီ အစိုးရဟာ ဒေသတွင်းမှာ ပိုမိုခိုင်မာ အားကောင်းတဲ့ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်မှုတွေကြောင့် ကာလရှည်ကြာ မဟာမိတ် ဖြစ်တဲ့ အမေရိကန်နဲ့ စစ်ရေးအရ ဆက်ဆံရေးကို အားကောင်းအောင် ကြိုးစားနေပါတယ်။
Source-Reuters