Home
နိုင်ငံတကာ
သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ရဟတ်ယာဉ် ပျက်ကျ 
DVB
·
July 29, 2023
00000000

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ (ADF) ရဟတ်ယာဉ်ဟာ ကွင်းစ်လန် ကမ်းလွန်ပင်လယ်ပြင်ထဲ ကို ပျက်ကျသွားပြီးနောက် အနည်းဆုံး လူ ၄ ယောက်သေဆုံးသွားနိုင်တာကို စိုးရိမ်နေရကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလ်စ် က ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။

ဒီရဟတ်ယာဉ်ဟာ အမေရိကန်နဲ့ သြစတြေးလျ ၂ နိုင်ငံအကြား အကြီးဆုံးပူးပေါင်းစစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ ၂ နှစ်ကြာ တာလစ်မန် ဆေဘရယ် လေ့ကျင့်မှုမှာ ပါဝင်ခဲ့တာပါ။

ရဟတ်ယာဉ်ဟာ ဇူလိုင် ၂၈ ရက် ညနှောင်းပိုင်းက ဟာမီလ်တန်ကျွန်းအနီးရေပြင်မှာ နစ်မြုပ်သွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး မားလ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မနေ့ညက ဒေသစံတော်ချိန် ဆယ်နာရီခွဲလောက်မှာ သြစတြေးလျစစ်တပ် ရဟတ်ယာဉ် (MRH90) ဟာ  ဟာမီလ်တန်ကျွန်းနားက ရေထဲမှာ နစ်မြုပ်သွားခဲ့ရပြီး ရဟတ်ယာဉ်အမှုထမ်း ၄ ယောက် လိုက်ပါသွားတယ်” လို့ မားလ်စ်က ပြောပါတယ်။ 

လေ့ကျင့်ရေးမှာပါဝင်ခဲ့တဲ့ တခြားရဟတ်ယာဉ်တစင်းနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး အခုပြောဆိုနေချိန်အထိ သူတို့ကိုမတွေ့ရသေးတာကြောင့် ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင် နေပါတယ်လို့လည်း သူက ဆိုပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ယာဉ်အမှုထမ်း ၄ ဦးရဲ့ မိသားစုဝင်တွေကို အကြောင်းကြား ထားကြောင်းလည်း ပြောပါတယ်။ 

တာလစ်မန် ဆေဘရယ် စစ်ရေးလေ့ကျင့်မှုကိုလည်း ခေတ္တရပ်ထားပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024