အီတလီးထပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဥ်း(FFP) ချိုးဖောက်ခဲ့တဲ့အတွက် ဥရောပကွန်းဖရန့်လိဒ်ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တယ်လို့ ယူအီးအက်ဖ်အေက ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ကစားသမားအရောင်းအဝယ်တွေနဲ့ ဆက်စပ်ပြီး ဥရောပပြိုင်ပွဲကနေ ထုတ်ပယ်ခံရတဲ့အပြင် ဒဏ်ငွေ ပေါင် ၁၇.၁၄ သန်း ပေးဆောင်ရမှာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အနေနဲ့ ဒဏ်ငွေကို အပြည့်အဝပေးဆောင်ရသေးမှာမဟုတ်သေးဘဲ လာမယ့် ၃ နှစ် အတွင်း ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပါက ဒဏ်ကြေးငွေတဝက်ပဲ ပေးဆောင်ရမယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။
ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက်တွေကို လက်ခံခဲ့ပြီး အယူခံဝင်သွားမှာမဟုတ်ကြောင်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဂျူဗင်တပ်ဥက္ကဋ္ဌ ဂူအမ်လူကာဖာရီကိုက "ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို ကျနောတို့နည်းနည်း စိတ်ပျက်မိပါတယ်။ ကျနော်ပြုလုပ်ခဲ့တဲ့ တရားဝင်နည်းလမ်းတွေနဲ့ သူတို့စွပ်စွဲတာတွေကြားမှာ အငြင်းအခုံမဆွေးနွေးသွားချင်ပါဘူး။ ဒါပေမယ့် ဒီ စီရင်ချက်ကို အယူခံမတင်ဖို့ဆုံးဖြတ်ထားပါတယ်" လို့ပြောပါတယ်။
ယူအီးအက်ဖ်အေဟာ ဂျုဗင်တပ်အသင်းအပြင် ချဲလ်ဆီးအသင်းကိုလည်း အေဗရာဟီမိုဗစ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၇ နှစ်တာအတွင်း အပြောင်းအရွှေ့စာရင်းနဲ့ပတ်သက်ပြီး ဒဏ်ငွေ ပေါင် ၈.၅၇ သန်းပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စီရီးအေဘောလုံးအဖွဲ့ချုပ်ဟာ ကွန်းဖရန့်လိဒ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ဂျူဗင်တပ်စ်နေရာမှာ ကွန်းဖရန့်လိဒ်ဗိုလ်လုပွဲတက်ခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲ့အစားထိုးခဲ့ပါတယ်။
source-dreamstime.com