ဂရိနိုင်ငံအလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ဇူလိုင် ၂၆ ရက်က လယ်ယာတွေနဲ့ စက်ရုံတွေ ပျက်စီးခဲ့ပြီး လယ်သမားတွေဟာ သူတို့ရဲ့ ကျန်နေသေးတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို အမြန်ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
ဗိုလော့စ် ကမ်းရိုးတန်းဆိပ်ကမ်းမြို့ အနီးရှိ ဆက်စ်ကလိုရွာက ခြံတခြံမှာ မီးလောင်ကျွမ်းနေတဲ့ နွားသေရဲ့ အကြွင်းအကျန် အပိုင်းအစတွေကို တွေ့ရပါတယ်။
မရှင်းလင်းရသေးတဲ့ မြေယာတွေနဲ့ သစ်ပင်တွေက ဒီဒေသကို တောမီးလောင်ဖို့ ဖြစ်စေပြီး ဒါဟာ “ပြည်သူ့အာဏာ မရှိခြင်း” ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေလို့ လယ်သမား ကော့စ်တာ့စ် ကူကူဗီနော့စ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂရိနိုင်ငံတဝန်း တောမီး ၆၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာဏာပိုင်တွေဟာ တောမီးဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ မဂ်နီးရှာနယ်မြေရှိ ရပ်ရွာအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေးခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် သိုးထိန်းတဦးရဲ့ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ကျေးလက်ဒေသမှာ တွေ့ရှိခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source - Reuters