ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်ဆီ ရောင်းချခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် နေရာမှာ မန်ယူကွင်းလယ်လူ တွန်မီနေးနဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တွန်မီနေးအတွက် မန်ယူအသင်းဆီ တရားဝင်ကမ်းလှမ်းခဲ့ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဝက်စ်ဟမ်းဘက်က ကမ်းလှမ်းချက်ဟာ မန်ယူအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ဖြစ်ဖို့တော့ အလှမ်းကွာနေဆဲဖြစ်တယ်လို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။
စကော့တလန် ကွင်းလယ်လူဟာ နည်းပြတန်ဟတ်ဂ် လက်အောက်မှာ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး လာမယ့်ရာသီသစ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးဖို့ရှိနေတာပါ။
ဝက်စ်ဟမ်းအသင်းဘက်ကတော့ မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေး အဆင်ပြေအောင် ညှိနိူင်းဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။