Home
နိုင်ငံတကာ
အယ်လ်ဂျီးရီးယားတွင် တောမီးကြောင့် သေဆုံးသူ ၃၄ ဦးရှိလာ
DVB
·
July 25, 2023
Wildfires kill 34 in Algeria

အယ်လ်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ အရေအတွက်မှာ စစ်သား ၁၀ ဦးအပါအဝင် ၃၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ပါတယ်။

ပြည်နယ်အများအပြားမှာ တောမီးတွေငြှိမ်းသတ်ဖို့ လူပေါင်း ၈ ထောင်လောက် လုပ်ဆောင်နေပြီး မီးသတ်ကား အစီး ၅ ရာကျော်နဲ့ မီးသတ်ရဟတ်ယာဉ် အများအပြားကို ပံ့ပိုးကူညီခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ဇူလိုင် ၂၄ ရက် နှောင်းပိုင်းအထိ နိုင်ငံတဝန်း တောမီးလောင်ကျွမ်းမှု ၁၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အစောပိုင်း ၁၅ ဦးမှ ၃၄ ဦးအထိ ရှိလာခဲ့တာပါ။ 

နိုင်ငံရဲ့ ပြည်နယ် အတော်များများမှာ တောမီး လောင်ကျွမ်းမှုတွေ ကြုံနေရပြီး လေပြင်းတိုက်နှုန်းနဲ့ အပူလှိုင်းတွေကြောင့် ခရိုင် ၁၆ ခုမှာ မီးလောင်ကျွမ်းမှု ၉၇ ကြိမ်၊ အဓိကအားဖြင့် ဘိုရာနဲ့  ဘဂျိုက်ယားတို့မှာ တောမီး ပျံ့နှံ့နေတယ်လို့ မီးသတ်သမားတဦးက ပြောပါတယ်။ 

မီးလောင်ကျွမ်းမှုမှာ မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ဘဂျိုက်ယား၊ ဂျီဂျယ်လ် နဲ့ ဘိုရာတို့မှာ ဇူလိုင် ၂၃ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပေမယ့် လေပြင်း တိုက်ခတ်မှုကြောင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပြီး သိသိသာသာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ပြင်းထန်တဲ့ တောမီးဟာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတာကြောင့် နေအိမ်အများအပြားဟာ အပျက်အစီး အပုံလိုက် ဖြစ်ကုန်ပြီး နိုင်ငံတဝန်း ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရလို့ ဒေသခံတွေ  ခိုကိုးရာမဲ့ ဖြစ်ကျန်ခဲ့ကြပါတယ်။ 

မနက် ၅ နာရီမှာ မီးစလောင်ပြီး ၈ နာရီဝန်းကျင်လောက်မှာ မီးလောင်ပြာကျကုန်တာ ဘာမှ မကျန်တော့ဘဲ ဒီနာငွေကြေး ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ) လောက် ဆုံးရှုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024