မကြာသေးမီ သီတင်းပတ်တွေအတွင်း တတိယအကြိမ်အဖြစ် ဆီးရီးယားနိုင်ငံကနေ မူးယစ်ဆေးဝါးသယ်တဲ့ ဒရုန်းတစီးကို ဂျော်ဒန်စစ်တပ်က ပစ်ချခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။
ဂျော်ဒန် လက်နက်ကိုင်တပ်ဖွဲ့က ဒရုန်းနဲ့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေလို့ ဆိုထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံတွေနဲ့ ဓာတ်ပုံရိုက်တဲ့ နေ့စွဲကို သီးခြား အတည်မပြုနိုင်ပါဘူး။
မက်သာဖက်တမင်း စိတ်ကြွဆေး နှစ်ကီလိုဂရမ်ကို သယ်လာတဲ့ ဒရုန်းယာဉ်ဟာ ဂျော်ဒန်နယ်စပ်ဘက်ခြမ်းမှာ ကြားဖြတ် ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့က စစ်တပ်နဲ့ လုံခြုံရေးအကြီးအကဲတွေ တွေ့ဆုံပြီး တိုးပွားလာတဲ့ လူကုန်ကူးမှုပြဿနာကို တားဆီးဖို့ နည်းလမ်းတွေ ဆွေးနွေးပြီးတဲ့နောက် တရက်အကြာမှာ အခုသတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source - Reuters