Home
အားကစား
မန်ယူ နောက်ခံလူ တဲလက်စ်ကို ဆော်ဒီကလပ် အယ်နာဆာ ခေါ်ယူ
DVB
·
July 23, 2023
362926713_204821185862610_1616513594867585018_n

အင်္ဂလန်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ဆော်ဒီကလပ် အယ်နာဆာအသင်းက ဇူလိုင် ၂၃ ရက် ဒီနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အယ်နာဆာအသင်းဟာ ကျောနံပါတ် ၂၇ ဝတ်ဆင်မယ့် တဲလက်စ်အတွက် မန်ယူနိုက်ကို ပြောင်းရွှေ့ကြေး ၄ သန်းနဲ့ အပိုဆုကြေး ၄ သန်းပေးခဲ့ရပြီး ၃ နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကလပ်အတွက် သူ့ရဲ့ပံ့ပိုးကူညီမှုတွေအတွက် အဲလက်စ်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်" လို့ မန်ချက်စတာယူနိုက်တက်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အယ်နာဆာအသင်းမှာ အဲလက်စ်တဲလက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပြန်လည်လက်တွဲရမှာဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ် တဲလက်စ်ဟာ မန်ယူနိုက်တက်၊ ဆီဗီးလားအပါအဝင် အသင်း ၆ သင်းမှာ ၄၅၁ ပွဲ ပါဝင်ကစား​ခဲ့ပြီး ၃၂ ဂိုးသွင်းယူကာ ယူရိုပါလိဒ်ဖလား ၁ ကြိမ်၊ တူရကီဖလား ၄ ကြိမ်နဲ့ ပေါ်တူဂီလိဂ်ဖလား ၄ ​ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

အယ်နာဆာအသင်းဟာ တဲလက်စ်ကိုခေါ်ယူပြီးနောက် မန်ယူနိုက်တက်ရဲ့ တခြားနောက်ခံလူဖြစ်တဲ့ ဘိုင်လီကိုပါ ထပ်မံခေါ်ယူသွားဖို့ ​ကြိုးစားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024