စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့တွင်းတိုက်ပွဲမှာ ဒေသခံအမျိုးသားတယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ ညအစောပိုင်းက ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပါတ်စစ်စခန်းနဲ့ ရဲစခန်းကို ဒေခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် ခိုက်ခဲ့ကြတာပါ။
အဲဒီတိုက်ပွဲအတွင်းမှာ ပစ်ခတ်တဲ့ လက်နက်ကြီးတလုံးက ခမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက် ဘုရားကျောင်းရှေ့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတယောက် သေဆုံးခဲ့တာလို့ ဒေသခံတယောက်ကဒီဗွီဘီကိုပြောပါတယ်။
"ဘယ်ဘက်ပစ်ခတ်တဲ့ လက်နက်ကြီးလဲ ဆိုတာတော့ သေချာမသိရဘူး။ တိုက်ပွဲသံတွေကြားက လက်နက်ကြီးကျရောက်ပေါက်ကွဲတာ" လို့ ပြောပါတယ်။
မြို့ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်ကြီးဟာ စစ်ကောင်စီက ပစ်ခတ်တာလို့ ဒေသခံကာကွယ်ရေးတပ်တွေကပြောပေမဲ့ တိုက်ပွဲတွင်းကျရောက်တဲ့ လက်နက်ကြီး ဖြစ်တာကြောင့် မြို့ခံတွေက အတည်မပြုနိုင်ဘူးလို့ပြောကြပြီး ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ခါမ်းပါတ်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ကလေးမြို့နယ်မြောက်ပိုင်းကို ခရီးမသွားကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပြီး တိုက်ပွဲအခြေအနေကိုတော့ ပြောဆိုထားတာ မရှိသေးပါဘူး။
အဲ့ဒီတိုက်ပွဲကြောင့် ချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ခါမ်းပါတ်မြို့အပါအဝင် မြို့ရဲ့မြောက်ဘက် ကာနန်ရွာက ပြည်သူထောင်ချီလည်း ဘေးလွတ်ရာဒေသတွေဆီ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ဆလိုင်း