Home
မြန်မာသတင်း
၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ် စစ်ကောင်စီထုတ်ဝေ
DVB
·
July 23, 2023
362282790_1748697278898293_6038171417679187267_n

မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေချိန်မှာ  ၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က  ထုတ်ပြန်ကြေညာပါတယ်။

၂၀၀၀၀ ကျပ်တန်တွေကို ဆင်ဖြုတော် ရဌနန္ဒက တစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ ထုတ်ဝေရတာဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်မှာ စတင်ဖြန့်ချိသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗဟိုဘဏ်နဲ့နီးစပ်သူတစ်ဦးက "ဒီသတင်းက ထွက်နေတာကြာပြီ ၂ နှစ်ရှိပြီ နှစ်သောင်း တန်အရင်ထုတ်တာ ပြီးရင် ငါးသောင်းတန်ထပ်ထုတ်မှာ "လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၀၀၀ ကျပ်တန်တွေကို ထုတ်ဝေရာမှာ အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး ဟောင်းနွမ်းစုတ်ပြတ်ပါက ငွေစက္ကူတန်ဖိုးအတိုင်းလဲလှယ်ပေးမှာဖြစ်ပါတယ်လို့ ဗဟိုဘဏ်နဲ့ နီးစပ်သူက ပြောပါတယ်။

"လဲလို့ရတာ ရန်ကုန်နဲ့မန္တလေးမှာပဲ ရမှာဦးမှာ အကန့်အသတ်နဲ့ထုတ်ဝေတယ်ဆိုပေမဲ့ ဘယ်လိုလာဦးမလဲ မသိဘူး"လို့ ရှင်းပြပါတယ်။

၂၀၀၀၀ ကျပ်တန်တွေကို ထုတ်ဝေပေမဲ့ အရင်ထုတ်ထားတဲ့ ငွေစက္ကူတွေကိုလည်း အရင်တိုင်းပဲ တရားဝင်သုံးစွဲခွင့်ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဗဟိုဘဏ်ကနေ ၅၀၀၀၀ ကျပ်တန်နဲ့ ၂၀၀၀၀ ကျပ်တန် ငွေစက္ကူတွေ ထုတ်ဝေမယ်လို့  သတင်းထွက်ပေါ်ခဲ့ပေမဲ့  ဗဟိုဘဏ်က ငြင်းဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024