ခရိုင်းမီးယားကျွန်းဆွယ် အရှေ့ဘက်က ယက်ဗ်ပါတိုးရီးယားဒေသအတွင်း နယ်မြေကာကွယ်ရေး တပ်ဖွဲ့တခုက အမျိုးသမီးတွေဟာ အဆောက်အအုံထဲမှာ ပုန်းနေတဲ့ရန်သူကို တိုက်ခိုက်ဖို့ ဇူလိုင် ၂၂ ရက်က တိုက်ခိုက်ရေးဒရုန်းတွေနဲ့ လေ့ကျင့်သင်ကြားခဲ့ပါတယ်။
ဒရုန်းလေ့ကျင့်မှုအပြင် ရုရှကာကွယ်ရေးဝန်ကြီးဌာနကပေးအပ်တဲ့ လေ့ကျင့်ရေးသင်တန်းထဲမှာ ကွင်းဆင်းဆေးပညာအခြေခံတွေလည်း ပါတယ်လို့ တပ်ဖွဲ့က စေတနာ့ဝန်ထမ်းတယောက်ဖြစ်သူ ယူလီယာက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
"ဒီအရည်အချင်းတွေနဲ့ အသိပညာတွေကို လက်တွေ့မကျင့်သုံးစေချင်ဘူး၊ ကျမတို့မြေပြင်မှာ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမယ့် ကျမတို့က အဲဒီအသိပညာရှိမှ လိုအပ်ရင် အဲဒါတွေကို အသုံးချနိုင်မယ်" လို့ သူက ပြောပါတယ်။
ဇာပိုရစ်ချ်ဇီယာဒေသမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ပွဲတွေ ဇွန်လအစပိုင်းမှာ ပြင်းထန်လာပြီး ခရိုင်းမီးယားကတော့ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။
Source-Reuters