Home
အားကစား
အင်တာမီလန်ဂိုးသမား အိုနာနာကို မန်ယူနိုက်တက် ခေါ်ယူ
DVB
·
July 21, 2023
Onana ManU-21072023

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်မှာ တရားဝင် ကြေညာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုနာနာအတွက် အင်တာမီလန်အသင်းကို ပေါင် ၄၄ သန်းနဲ့ အပို​ဆုကြေး ၃ ဒသမ ၅ သန်း ပေးခဲ့ရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုကာ ကျောနံပါတ် ၂၄ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

အိုနာနာက “မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရတာ မယုံနိုင်လောက်အောင် ဂုဏ်ယူစရာကောင်းပြီး ဒီအခိုက်အတန့်ကိုရောက်ဖို့ တသက်လုံး ကြိုးစားခဲ့ရပါတယ်။ ကျနော့်အတွက် အသင်းဖော်အသစ်​တွေနဲ့ တိုက်ပွဲဝင်ဖို့ ခရီးတခုရဲ့အစပါ။ အဲရစ်တန်ဟက်နဲ့ ပြန်လက်တွဲရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး အောင်မြင်မှုမှာ ပါဝင်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် အန်ဒရေ အိုနာနာဟာ ကမ္ဘာ့​အကောင်းဆုံး ဂိုးသမားတွေထဲက တယောက်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက် အသင့်တော်ဆုံး ဂိုးသမားဖြစ်ကာ လာမယ့်နှစ်တွေမှာ ဒီထက်ပိုပြီး တိုးတက်နိုင်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတော့က ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ အေဂျက်၊ အင်တာမီလန်အသင်းတို့အတွက် ၂၅၅ ပွဲ ပါဝင်ကစားပြီး ၁၀၄ ပွဲ ပေးဂိုးမရှိခဲ့ဘဲ နယ်သာလန်အမှတ်ပေးဖလား ၃ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ကိုပါအီတာလီယာဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင်အတွက်လည်း ၃၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၁ အာဖရိကဖလားမှာ တတိယဆုရရှိခဲ့ကာ ၂၀၂၂ မှာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024