အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတွေမှာ ပြင်းထန်တဲ့ရာသီဥတုကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရပြီး ဇူလိုင် ၁၉ ရက်က ကန်တပ်ကီပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နယ်မြေဧရိယာတွေ ရေလွှမ်းမိုးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုလည်း ကြုံနေရပါတယ်။
တန်နက်ဆီပြည်နယ်နဲ့ ကန်တပ်ကီပြည်နယ်ရဲ့ နယ်စပ်ရှိ ဂရေ့ဗ်စ်ကောင်တီမှာ မိုးရေချိန် ၁၁ လက်မကျော် ရွာသွန်းခဲ့ပြီး ဒေသတွင်း စံချိန်တင်ခဲ့ပါတယ်။
ကန်တပ်ကီပြည်နယ်ရဲ့ မေဖီးလ်မြို့မှာတော့ ရေလွှမ်းမိုးမှုတွေက နေအိမ်တွေနဲ့ ပုဂ္ဂလိကပိုင် အိမ်ရာတွေအနီးမှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကနဦး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ကန်တပ်ကီပြည်နယ် အနောက်ပိုင်းမှာ မိုးကြိုးမုန်တိုင်းတွေ အကြိမ်ကြိမ် တိုက်ခတ်မှုကြောင့် ဧရိယာအနှံ့မှာ တညလုံးနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး သစ်ပင်တွေလဲကျကာ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်း အားလုံးပေါင်း ၉၀,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
Source - Reuters